ဓာတ်ပုံအသစ်များ ထပ်လာပါမည်။
ဓာတ်ပုံအသစ်များ ထပ်လာပါမည်။
ရှာမယ်ဖွေမယ်!

အချစ်ကို စတင်တွေ့ရှိခြင်း| အပြာစာအုပ် PDF

Gambar
ဖိုင်အမျိုးအစား - PDF
စာမျက်နှာ - 147
ဖိုင်ဆိုဒ် - 702 KB
စာရေးဆရာ - မောင်ဇော်ဦး
သတိပြုရန် - အပြာစာအုပ် | အောစာအုပ် | အင်းစက် | ဖောင်းဒိုင်း | လူကြီးစာအုပ်များနှင့် လူကြီးဇာတ်လမ်း ဖြစ်သောကြောင့် အရွယ်ရောက်ပြီးသူများအတွက်သာ ဖြစ်ပါသည်။

အမြည်းဖတ်မယ်

ဒီမနက်ဘာရယ်မဟုတ် နိုးလာတာနဲ့ လက်ဖက်ရည်သောက်ချင်စိတ်က သူ့အလိုလို
ပေါ်လာတယ်၊ အလုပ်ကလဲ ပိတ်၊ အိမ်မှာကလဲ ဘယ်သူမှမရှိ အားနေတာမို့ ကိုယ့်
ဖာသာကိုယ် အေးအေးဆေးဆေး ဟိုတလောကမှ လူကြုံနဲ့ အိမ်ကပို့လာတဲ့ အချို
ခြောက် ထုတ်ကို ဖေါက်ပြီး ကျကျနန လက်ဖက်ရည်နှပ်၊ အချို ခြောက်ထုတ်နဲ့
အတူတွဲပို့လိုက်တဲ့ အကြမ်းခြောက် ထုတ်ပါဖေါက်ပြီး ရေနွေးကြမ်း တအိုးပါ တခါ
တည်းတည်လို့ ခုံမှာဇိမ်နဲ့ ထိုင်ပြီး သောက်မယ်လဲ ပြင်ရော စိတ်က ရုတ်တရက်ဟိုး
လွန်ခဲ့တဲ့အတိတ်ကာလ တခုကို ပြန်သတိရသွားပြီး လက်ဖက်ရည်ခွက်က ပါးစပ်ဝမှာ
တန့်သွားတယ်၊ ဒါမျိုး ခန ခန ဖြစ်နေကျ၊ ဖြစ်တိုင်းလဲ ဆက်မတွေးဘဲ တခုခုကို အာရုံ
လွဲလို့ အတင်းမေ့ပြစ်နေကျ၊ ခုတော့ အားနေတာနဲ့ ပါးစပ်ဝရောက်နေတဲ့ လက်ဖက်
ရည်ခွက်ကို ပြန်ချလို့ကုလားထိုင်ကိုကြောမှီလိုက်ပြီး ပြန်စဉ်းစားမိတယ်။


တခါတလေ
ဘာရယ်မဟုတ်
လက်ဖက်ရည်ခွက်
ကိုင်ကာငေးရင်း
စဉ်းစားမိတယ်
တကယ်လို့သာ . . .


တစ်။

ကျနော် ငယ်ငယ်ကတည်းက လူဆိုး၊ လူဆိုးဆိုပြီး မလန့်သွားနဲ့အုံး၊ နာမည်ပျက်
ရုံဆိုးတတ်တာ ကိုပြောတာပါ။ တကယ်လား ဆိုတော့လဲ လူမိုက်ကြီးများလို ဟုတ်တိ
ပတ်တိလဲ မဟုတ်ဘူး၊ လူလိမ္မာဂွင်လဲ မဝင်ဘူး၊ ဟိုမရောက်ဒီမရောက်ပေါ့၊ အပေါင်း
အသင်းကလဲကောင်းတော့ အထက်တန်း ကျောင်းသား လောက်ကတည်းက စပြီး
ဆေး စသုံးဖူးတယ်ပေါ့ဗျာ၊ မိဘကလဲ အချမ်းသာကြီးထဲကလဲ မဟုတ်၊ ဆင်းဆင်းရဲရဲ
လဲမဟုတ်၊ လူတန်းစေ့ စားနိုင်သောက်နိုင်ဝတ်နိုင်ရုံ အတန်းစားဆိုတော့ အကောင်း
စားတွေ မကိုင်နိုင်ဘူးလေ၊ ဒီတော့ ဘာမီတွန်တို့ ဒိုင်ယာဇီပင်တို့လောက်နဲ့ ပေါပေါ
လောလော အိုဗာဒို့စ်လောက်မြို ပြီး စခဲ့တယ်ဆိုပါစို့။

ဒါပေမဲ့ စသုံးဖူးတယ်ဆိုပေမဲ့ နေ့စဉ်နေ့တိုင်း ဒါချည်းဘဲလဲမဟုတ်ဘူး၊ ကြုံရင်ကြုံ
သလိုပေ့ါ၊ ဒီကြားထဲ ဆေးလိပ်ကလဲ သောက်တတ်လာတော့ တခါတလေ ဆရာကြီး
ကလဲ ပင့်တတ်လာတယ်၊ အပေါင်းအသင်းကလဲ များတော့ အတွေ့အကြုံလဲ စုံတယ်
ပေါ့၊ အရက်တောင်စသောက်သောက်ချင်း သွေးနဲ့ မတဲ့လို့ တကိုယ်လုံး နီရဲပြီး အဖု
အပိန့်တွေ ပေါက်တာနဲ့၊ တဲ့အောင်ဇွဲကောင်းကောင်းနဲ့တနေ့တငုံလောက်သောက်ပြီး
ခန္တာကိုယ်က လက်ခံအောင်ကျင့်ခဲ့ရတာ။ ဒါမျိုးကျတော့အဲ့လို ဇွဲကောင်းခဲ့တာ။

ကံကောင်းချင်တော့ အဲ့လောက်စုံပေမဲ့ ဘဝက ရာနှုံးပြည့်မပျက်ခဲ့ဘူး၊ ၁၀ တန်းလဲ ၂
ခါလောက်ဖြေပြီး အောင်ခဲ့တယ်၊ သူလိုကိုယ်လို မင်္ဂလာဆောင်မှာ ထည့်စရာ အမြီး
လေး တခုလဲ ရခဲ့တယ်ပေါ့၊ အဲ မိန်းမနဲ့ပတ်သက်လာရင်ဘွဲ့ရတဲ့အထိသုံည အဆင့်
လောက်ဘဲရှိသေးတယ်ဆိုရင်ခင်ဗျားတို့ပြောမယ်ဟေ့လူနောက်နေတာလားလို့။

မနောက်ဘူးဗျ၊ တကယ်။ ကျနော့်ဘဝက မိန်းမနဲ့ပတ်သက်ပြီး ပြောရရင်ရှက်တောင်
ရှက်တယ်၊ ရှက်ပေမဲ့လဲ ရှေ့မျက်နှာ နောက်ထားပြီး ပြောရမှာဘဲ၊ ကိုယ်က ကိုယ့်ပေါင်ကိုယ်လှန်ထောင်းပြီကိုး၊ ထောင်းတဲ့နောက်တော့ ညက်ညက်ကလေးထောင်းမှဖြစ်မှာ ပေါ့။


ဟို သီချင်းလို တက္ကသိုလ်မှာ ၄ နှစ်တာ ပညာဆည်းပူးခဲ့ရာ အဲ အဲ ရန်ကုန်မြို့တော်
ကြီးက တက္ကသိုလ်တော့မဟုတ်ဘူး၊ ကိုယ်တို့မြို့က တက္ကသိုလ်လေးပေါ့၊ အတိအကျ
တော့ မရေးတော့ပါဘူးလေ၊ သိတဲ့သူလဲသိမှာပေါ့၊ သိရင်လဲ တိတ်တိတ်လေးနေ၊
မသိရင်လဲ မသိဘူး လို့ဘဲမှတ်ပေါ့။ အဲဒီ ၄ နှစ်မှာ တခြားအတတ်တွေသာစုံခဲ့ပေမဲ့
ကြိုက်တဲ့သူ လုံးဝ မတွေ့ခဲ့ဘူးပြောရင်ခင်ဗျားတို့ ကျနော့်ကို ခြောက်နေတယ်ထင်
မှာပေါ့။ တွေ့ခဲ့ပါ့ဗျား၊ ကြိုက်မဲ့သူ တယောက်တောင် မဟုတ်ဘူး ၂ ယောက်။
တပြိုင်တည်းနော်၊ ဒါပေမဲ့ ဒီကိစ္စက ကျနော့်အဖို့ ဟိုဟာသုံးဘို့ ကြိုးစားသလို ဇွဲ
မကောင်းတော့ ဒီတယောက် ကြုံရင်ဒီတယောက်လိုက်၊ ဟိုတယောက်ကြုံ ဟို
တယောက်လိုက်ဒါနဲ့ဘဲဇတ်လမ်း ပြီးခဲ့ရတာပါဘဲ။

အဲဒီမှာ ကြုံတုန်းလေ ကြိုက်ခဲ့တဲ့ပုံစံလေးကို ပြောရရင်၊ ကြိုက်ခဲ့တဲ့ ၂ ယောက်လုံးက
ပါးဖေါင်းဖေါင်းလေးနဲ့ ခပ်ဖိုင့်ဖိုင့်လေးတွေဗျ၊ ဟီး ဟီး၊ လူက နံပိန် ကြိုက်လိုက်ရင်
ပြည့်ပြည့်ဖြိုးဖြိုးတွေ အဲ အဲ ပစ္စည်းကိုပြောတာမဟုတ်ဘူး၊ ခန္တာကိုယ်ကိုပြောတာ၊
အဲ့ဒီတုန်းက ကျနော်က တကယ့်ပိန်ပိန်လေး၊ အရပ်ကတော့ ၅-၈ လောက်၊ ပေါင်ချိန်
က ပေါင်၁၀၀ တောင်မပြည့်ချင်ဘူး၊ ဒါဆိုတွက်ကြည့်တော့ ဘယ်လောက်ပိန်လဲဆို
တာ၊ ဘောင်းဘီဆို ခါးဆိုဒ် ၂၇ - ၂၈ လောက်ကို ခါးပတ်နဲ့ ဝတ်ရတာ၊ ဒါပေမဲ့
ကြိုက်တော့ ခပ်ဖိုင့်ဖိုင့်လေးတွေ ကြိုက်တတ်တာဗျ၊ ကြိုက်သာကြိုက်ခဲ့တာပါဗျာ၊
သူတို့ကလဲ ကျနော်က ကြိုက်နေမှန်းလောက်ဘဲ သိသွားရရှာတာပါ။ သူတို့ကလဲ
ကျနော့်ဆီက အစကို မျှော်ချင်လဲမျှော်ခဲ့မှာပေါ့၊ ဒါကတော့ ကိုယ့်ဖက်က သာသာ
ထိုးထိုးလေးတွေးမိတာပါ၊ ဒါပေမဲ့ ဇတ်လိုက်ကြီး ကျနော်က လမ်းကြုံရင်အနောက်က
လိုက်တတ်တာကလွဲပြီး ဘာမှရှေ့မဆက်ခဲ့ဘဲကိုး၊ ဒီတော့ ဇတ်လမ်းက ဘာမှမစရခင်
ပြီးသွားတယ်ဆိုပါစို့။


ဘာလို့ အချစ်ကို ဦးစားမပေးခဲ့လဲဆိုတော့ ကျနော့်မှာ အချစ်ထက် ဦးစားပေးစရာ
အပျော်က ရှိနေတာကိုး၊ အပေါင်းအသင်းတွေနဲ့ မူးမယ်ရစ်မယ်၊ မနက်နိုးတဲ့အချိန်
ကျောင်းလာ၊ ဘယ်ကောင့်မှာ ပစ္စည်းပါလာလဲ စနည်းနာ၊ တတက်မဖြစ် တက်ရမဲ့
အတန်းတက်၊ ပြေးလို့ ရတဲ့ အတန်းကိုပြေး၊ အဆောင်တွေသွားနှပ်၊ ဟိုဟေးလား
ဟေးလားဝါး၊ ဒီဟေးလားဟေးလားဝါး စတဲ့ ဘာမဟုတ်တဲ့ အပျော်တွေကိုဘဲ ဦးစား
ပေးခဲ့တော့အချစ်ဆိုတာ နောက်ကောက်ကျခဲ့တာပေါ့။

အဲ တကယ်တန်း အချစ်ကိုတွေ့ပြီး ဟုတ်တိပတ်တိအချိန်ပေးလို့မရ ရအောင်ကြိုးစား
ခဲ့တာက ကျောင်းပြီးမှ၊ အဲဒီအချိန်လောက်က ဇတ်လမ်းကို စရင်၊

အင်း . . . သေချာပြန်စဉ်းစားကြည့်တော့လဲ စိတ်ဝင်စားစရာကလဲ ဘာမှတော့
သိပ်မရှိလှဘူးဗျ၊ သူလိုကိုယ်လိုပါဘဲ၊ ဒါပေမဲ့ပေါ့ဗျာ ကိုယ်က တကယ်ကြိုက်ပြီး
လိုက်ခဲ့တာဆိုတော့ ကိုယ့်အတွက်က ရင်ခုန်သံတွေဖြစ်နေပေမဲ့ ဖတ်နေတဲ့ ခင်ဗျားတို့
အတွက်ကတော့ပျင်းခြောက်ခြောက်ကြီး ဖြစ်နေမှာ အသေအချာပေါ့။...

Caution - အပြာစာအုပ်, အောစာအုပ်, အင်းစက်, ဖောင်းဒိုင်း, လူကြီးစာအုပ်များနှင့် လူကြီးဇာတ်လမ်း ဖြစ်သောကြောင့် အရွယ်ရောက်ပြီးသူများအတွက်သာ ဖြစ်ပါသည်။
Join the conversation
Post a Comment
Link copied to clipboard!