အမြည်းဖတ်မယ်
ကျတော်၁၀ တန်းအောင်တော့သန်လျင်GTC မှာ civil တက်ခွင့်ရပါတယ်... အထင်တော့မကြီးလိုက်နဲ့နော်
လိုက်လို့ရတာဗျ...မိဘတွေကျေးဇူးလေ... သူတို့ကတော့သူတို့သားလေးကိုအင်ဂျင်နီယာဖြစ်ပါစေတော့ဆိုတဲ့စိတ်နဲ့
ပိုက်ပိုက်တွေအကုန်ခံတာပေါ့... ဒါပေမဲ့ကျတော်က ဘိလပ်မြေနဲ့ရွံ့တောင်သေသေချာချာခွဲတက်တဲ့ကောင်မဟုတ်ဘူး...
စိတ်တော့သိပ်မညစ်ပါဘူး... ဘာလို့လဲဆိုတော့သေသေချာချာဝါသနာပါတဲ့ဟာ မှမရှိတာ... တက်ဆိုတော့လဲ တက်ရတာပေါ့နော့်...
အခုလောလောဆယ်တော့၁၀ တန်းပြီးလို့ကဲခဲ့တဲ့အရှိန်တွေတောင်မပျယ်သေးဘူး... ကဲ ... ဘာလိုလိုနဲ့
ကျောင်းစတက်ရမဲ့နေ့ရောက်လာရော...ကျောင်းကိုတော့၁ ခါ ၂ ခါ ရောက်ဘူးပါတယ်... ခတ်ဆုတ်ဆုတ်နဲ့
မြို့သစ်တွေကမူလတန်းကျောင်းသာသာပဲရှိတယ်ဗျ... ဒါနဲ့များ GTC တဲ့... ထားပါ...
ဒီနေ့ကျောင်းစတက်ရမယ်ဆိုတော့နည်းနည်းတော့စိတ်လှုပ်ရှားမိတယ်... လူပြောများတဲ့တက္ကသိုလ်ဆိုတာ ဘာကြီးပါလိမ့်ပေါ့...
ဒီလိုပဲ စဉ်းစားရင်း စဉ်းစားရင်း နဲ့လျှောက်လာလိုက်တာလမ်းထိပ်ကျောင်းကားစီးရမဲ့နေရာကိုတောင်
ဘယ်လိုရောက်လာမှန်းမသိလိုက်ဘူး... ဝရိယစွတ်ကောင်းပြီးနည်းနည်းစောနေသေးတော့တစ်ကောင်တည်း ငေါင်စဉ်းစဉ်းနဲ့ဗျာ ...
အဲ ... ခဏကြာတော့မမကြီးနှစ်ယောက်ရောက်လာပါလေရော ... ကျတော်ဒျီမှာနေတာဒီလောက်ကြာပြီ
သူတို့ကိုတစ်ခါမှမတွေ့ဘူးဘူးဗျ... အဲ ... နှစ်ယောက်ထဲမှာတစ်ယောက်ကနည်းနည်းလန်းသလားလို့...
အမျိုးသားတို့ကြည့်ရှုလေ့လာအပ်တဲ့နေရာတွေကို ရှုစားရင်းနဲ့ပေါ့ဗျာ... တွေးနေ ငန်းနေလိုက်တာ
ဘယ်လောက်ကြာသွားလဲတော့မသိဘူး...ကျောင်းကားလာလို့သူတို့တက်ပြီးမှ
ကျတော်ကျောင်းကားစောင့်နေပါလားဆိုတာသတိရလို့ကမန်းကတန်းပြေးတက်လိုက်ရသေးတယ်...ကံဆိုးတာလား
ကံကောင်းတာပဲလားတော့မသိဘူး... ကျောင်းကားပေါ်မှာ ထိုင်စရာဆိုလို့
ကောင်မလေးတစ်ယောက်ဘေးထိုင်ခုံပဲ ရှိတယ်ဝင်ထိုင်ပြန်ရင်လည်း မကောင်း ... မထိုင်ပြန်ရင်လည်း ညောင်းမှာ ... မထူးပါဘူးဗျာ
ဝင်ထိုင်တာပဲကောင်းပါတယ်...
အားပါးပါး...ကိုယ်သင်းနံ့လား ရေမွှေးလားတော့မသိဘူး ... လူကိုမိုက်ခနဲနေအောင်ကိုမွှေးတယ်ဗျာ...
သူ့ဘက်ကိုတော့လည့်မကြည့်ရဲသေးဘူး...သတ္တိကအဲသလိုကောင်းတာ ... ဒါပေမဲ့နည်းနည်းကြာလာတော့မနေနိုင်တော့ဘူး ...
ဘေးကသန်လျင်တံတားကိုပဲကြည့်သလိုလိုဘာလိုလိုနဲ့ခိုးကြည့်လိုက်တော့သူကလည်းတံတားအောက်ကရေပြင်ကိုတခါမှ
မမြင်ဘူးတဲ့ပုံနဲ့ ကြည့်နေတယ်ဗျ... ဘေးတစောင်းလေးလှည့်နေတဲ့မျက်နှာလေးက တော်တော်လှတယ်ဗျာ ... ပါးပြင်ဖြူဖြူလေးနဲ့
ဆံပင်နက်နက်လေး ကြားထဲကနားရွက်လေးဆို မြင်လိုက်တာနဲ့ကိုရင်ထဲမှာ ခါကနဲဖြစ်သွားတယ်ဗျာ ...
မြင်မြင်ချင်းကြွေတယ်ဆိုတာဒါမျိုးကိုခေါ်တာလားမသိဘူး... ပိုးစိုးပက်စက်ကိုကြွေသွားတာ ...
တံတားလည်းဆုံးရောသူကဖျက်ကနဲဒီဘက်လည့်လာလို့
အကြည့်ချင်းတစ်ချက်ဆုံသွားသေးတယ်...ကျတော်နည်းနည်းတော့ရှက်သွားတယ်.. ငန်းတာလူမိသွားလို့လေ...
ဒါတောင်သန်လျင်တံတားကရှည်တော့အကြာကြီးငန်းလိုက်ရသေးတယ်...
ကျောင်းရောက်ပြီး ရုံးခန်းနားမှာကိုယ့်အခန်းဘယ်မှာရှိမှန်း သွားကြည့်တော့ကားပေါ်ကကောင်မလေးကို
တွေ့လိုက်သေးတယ်...သူလဲ fresher ပဲဗျ... အခန်းတူပါစေဗျာ ... စာတော်မဲ့ရုပ်လေးပါ ... civilတော့ဖြစ်နိုင်ပါတယ်လို့
စိတ်ကူးတောင်ယဉ်လိုက်သေးတယ်... ရုပ်ရှင်တွေထဲကလိုမဖြစ်လာဘူးဗျာ... IT ကတဲ့... နောက်မှသိတာပါ... civil မှာလဲဘယ်က
ဘယ်လိုမချောမလှတွေလာစုနေမှန်းကိုမသိပါဘူးဗျာ ... ပိန်းလိုက်တာ ...
နောက်ပိုင်း fresherwe lcome လုပ်တော့ရွေးတဲ့queen တောင်သိပ်မလန်းဘူး ...
ဒါတောင်လာကြောင်နေတဲ့ကောင်တွေရှိတယ်ဗျာ ... အန့်ရော...
ကျတော်ကတော့အားရင်ITဘက်ပဲသွားတယ်... ကျောင်းရောက်တာလည်းကြာပြီဆိုတော့
ဘော်ဘော်တွေဘာတွေလည်းရှိပြီလေ...အတူတူသွား ညှောင်ကြတာပေါ့... IT ကစော်တွေက အလန်းတွေကြီးပဲလေ ...
ကျတော်ကတော့ကျတော့နားရွက်လေးကိုပဲ သွားကြည့်တာပါ... နာမည်တော့သိရပြီဗျ ... နန်းမေ ...တဲ့...ရှမ်းလူမျိုးထင်တယ်...
လူချင်းတော့မသိသေးဘူး ... သတ္တိကလည်း ခတ်ကောင်းကောင်းဆိုတော့...
ကျတော်ဒီလိုဖြစ်နေတာကိုကံကြမ္မာက မနေနိုင်ဘူးထင်တယ်...သူနဲ့ရင်းနီးဖို့အခွင့်အရေးရလာပါလေရော...
တစ်ရက်ကျတော်ကျောင်းကားမမှီဘူ်း...မနေ့ညက champion league နှိပ်စက်တာလေ ...
ကျောင်းမတက်တော့ပဲရန်ကင်းဘက်သွားမယ်ဆိုပြီး တာမွေဘက်ကိုအလာ ... တာမွေကကားမှတ်တိုင်မှာ ကျတော့်ရဲ့နန်းမေ
ကိုသွားတွေ့တယ်... ကျောင်းဝတ်စုံနဲ့ပဲဗျ ... ကြည့်ရတာသူလဲကျောင်းကားမမှီလို့ထင်တယ် ... ဘယ်ရမလဲ ..
ကျတော်လည်းကျောင်းတက်မှာပေါ့ဗျ ...
ဒါမျိုး ဆိုတာ ရခဲတယ်လေ...အဲဒီ့အချိန်မှာပဲ သန်လျင်-ကျောက်တန်းကား ရောက်လာတော့ သူအရင်ဆုံးတက်သွားတယ်
...ကျတော်ကားပေါ်ရောက်တော့ သူက ထိုင်တောင်ပြီးနေပြီ ... သွက်တယ်နော်... ကျတော်ကတော့မတ်တက်ပဲပေါ့ ...
ကားထွက်တော့မှ သူကျတော့ကိုတွေ့ပြီးတစ်ချက်ပြုံးပြတယ် ...ဒီမောင်မင်းကြီးသားကတော့ ဝမ်းသာလုံးတွေစို့လို့ပေါ့ ...
ပြောရဦးမယ်... ကံများကောင်းချင်ရင်ဆက်တိုက်နော် ...
ကျောင်းနားရောက်ခါနီးလဲကျရောသူတော်ကောင်းကားက ဘီးထပေါက်ရော ... နန်းမေ ကစိတ်ပျက်လက်ပျက်ပုံစံနဲ့
ကားပေါ်ကဆင်းဖို့မယ်လုပ်တာပေါ့... ကျောင်းနောက်ကျတော့မှာကိုး ... သူဆင်းတော့ကျတော်လည်းဆင်းတာပေါ့ ...
အောက်လည်းရောက်ရောနန်းမေ က ကျတော်ကိုစကားစပြောတယ် ...(အမှန်ဆို ကျတော်က စရမှာပါ
...သတ္တိကကောင်းတယ်ဆိုတော့)
“ဟဲ့ ...နင်လည်းလမ်းလျောက်မှာလား” တဲ့...
ရုတ်တရက်ဆိုတော့ကြောင်သွားတယ် ... ပြီးမှကမန်းကတန်း...
“အေး ...ကျောင်းနောက်ကျတော့မယ်လေ” လို့ထစ်ထစ်ငေါ့ငေါ့ဖြေလိုက်ရသေးတယ်...
ဒီလိုနဲ့ အတူတူသွားတော့ ကျတော်ကမသိသလိုလိုဘာလိုလိုနဲ့ရောတာပေါ့...
“နင်က ဘယ်မေဂျာကလဲ“
”IT က .. နင်ရော”
“ငါက civil က”
“ဆရာကြီးပဲ...”
“မဟုတ်ပါဘူးဟာ ...လိုက်ထားတာ“
“သြော်...”
ဒီလိုနဲ့စကားစပြတ်သွားသေးတယ်...ပြီးမှသူက
“ကျောင်းစတက်တဲ့နေ့ကငါ့ဘေးမှာလာထိုင်တာနင်မှတ်လား”
“အေး...နင်မှတ်မိသားပဲ”
“မှတ်မိတာပေါ့နင့်ရုပ်ကမှတ်မိလွယ်တာကိုး”
“ဘာလို့လဲ”
“အဲလောက်ပိန်ပြီးအရပ်အရမ်းရှည်နေတဲ့ကြားထဲ မျက်မှန်ကတပ်လိုက်သေးတယ်လေ” တဲ့ ကောင်းရော....
အဲလိုနဲ့ကျတော်တို့နစ်ယောက် သူငယ်ချင်းတွေဖြစ်သွားကြတာပေါ့ဗျာ...
Canteen အတူထိုင်ဖြစ်ဟိုဟိုဒီဒီအတူသွားဖြစ်ပေါ့ ... အထင်တွေကြီးနေဦးမယ်...
နှစ်ယောက်တည်းမဟုတ်ပါဘူးဗျ...သူဘော်ဘော်တွေ ကျတော့ဘော်ဘော်တွေလည်းပါပါတယ်...
ကျတော်သူ့ကိုကြွေနေတာသူလဲသိပါတယ်...တစ်ခါတလေကျတော်က ရုပ်ပျက်ဆင်းပျက်ငန်းမိတာကိုး...
ကျတော်ဆိုတဲ့ကောင်ကသတ္တိကလည်းခတ်နည်းနည်းဆိုတော့ မပြောဖြစ်သေးပါဘူး...
ဒီလိုနဲ့တစ်ရက်ကျတော့သူနဲ့တွဲနေတဲ့ သူငယ်ချင်းနှစ်ယောက်လုံးကျောင်းမလာဘူး... ကျတော့်ဘော်တာကလည်းအလိုက်တသိ
ရှောင်ပေးပါတယ် ... canteen ကထိုင်နေကြဆိုင်လေးမှာ နှစ်ယောက်တည်းပထမဆုံးထိုင်ဘူးတော့ သူတော့မပြောတက်ဘူး...
ကျတော်တော့ ရင်တွေခုန်လိုက်တာဗျာ...
ဆိုင်ကလည်းဒီနေ့မှလူတအားရှင်းနေတယ်...ရာသီဥတုကတော့ကျတော့ဘက်ကချည်းပဲ... ဒါပေမဲ့
တော်တော်ကြာတဲ့အထိသူရောကျတော်ရောစကားမပြောဖြစ်ကြဘူး... ခါတိုင်းပြောနေကြ စကားလုံးတွေတောင်
ဒီနေ့မှဘာလို့ပါးစပ်ကထွက်မလာလဲမသိပါဘူးဗျာ... နောက်တော့သူကပဲစပြီး
“ဒီနေ့ဟိုကောင်နှစ်ကောင်မလာတော့ class တက်ရမှာ စိတ်တောင်မပါဘူး“